ဖလေးရွာ၊ ကဝမြို့နယ်
ဖလေးရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဖလေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၆၀၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖလေးကျေးရွာအုပ်စုတွင် ကျား ၁၇၀၂ ဦး၊ မ ၁၉၁၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၁၇ ဦးနေထိုင်သည်။ ဖလေးရွာသည် ရှေးယခင်က လှေမပေါက်၊ လှည်းမရောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ရွာတရွာဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် စစ်မက်ထူပြောသော ကာလများတွင် စစ်ဘေးခိုလှုံရာ နေရာဖြစ်ခဲ့သည်။ စစ်ဘေးရှောင်သော ဟိန္ဒူ၊ တမီလ်၊ တရုတ်၊ ပန်းသေးနှင့် အာရပ်နွယ်ဖွား လူမျိုးပေါင်းစုံတို့ ခိုလှုံရာ နေရာဖြစ်ခဲ့သည်။ ၎င်းလူမျိုးစုံတို့ ဈေးဝယ်ဖောက်ကားသော ဈေးနေရာ တခုလည်း ဖြစ်သည်။
Read article